Posts

Showing posts with the label Poems

အမှတ်တရ နှစ်(၉၀)

Image
ဖုံးအလိမ်းလိမ်း၊ ပိုးမျှင်အိမ်တွေကြားက စာသင်ခန်းတွေ၊ကျောက်သင်ပုန်းတွေ၊ စာသင်ခုံလေးတွေက အသုံးမကျတော့တဲ့ ငါ့ဘ၀လို့ ငိုကြွေးနေကြလေရဲ့...... ရယ်သံတွေခြောက်ကပ်နေတာကြာပြီဖြစ်တဲ့ ရတနာ၊အင်းယား၊ ပင်းယ၊ အင်းဝ...... အဆောင်သရဲလေးလည်း ဘယ်သူ့ကိုခြောက်ရပါ့... ဖျာလိပ်နတ်လည်း ပျင်းရိနေရောပေါ့... အဆောင်ရှေ့က သီချင်းသံတွေ ပျောက်ဆုံးခဲ့တော့ ရေတမာ ပင်တွေလည်း လွမ်းလို့နေပေါ့... ဦးချစ်၊မြကျွန်းသာ....အမည်တွေ တွင်စေခဲ့တဲ့ တောင်ငူ၊ ၀ိဇ္ဖာ ကန်တင်းနဲ့ စာကြည့်တိုက်၊ဂျပ်ဆင်အိုကြီးနားက ချစ်တင်းနှောသံတွေလည်း တိတ်ဆိတ်လို့ နေလေရဲ့...... ကံကော်တွေပွင့်၊ စိန်ပန်းပွင့်လည်း လွမ်းစရာ အဖော်မဲ့ ဥသြငှက်တို့ တမ်းတမ်းတတ အော်မြည်နေလေရဲ့.... သက်ရှိတွေ ပြောင်းလဲ၊အိုဟောင်းပျက်စီး၊ ပျောက်ကွယ်သွားကြပေမဲ့ ..... သက်မဲ့ အဆောက်အဦးတချို့ ပြိုလဲပျက်စီး၊ အစားထိုးဖျက်ဆီးခံခဲ့ရပေမဲ့.....  အော်..... ဘွဲ့နှင်းသဘင်၊သစ်ပုတ်ပင် နဲ့ အဓိပတိလမ်းမကြီးကတော့ နှစ်ကိုးဆယ်တိုင်ခဲ့... အရာရာကိုအံတုလို့ တည်ရှိနေဆဲ... ဒါပေမဲ့....သူ့ရင်ခွင်ထဲက ဆွဲထုတ်ခံလိုက်ရတဲ့ သားသမီးတွေပျောက်ဆုံးသွားကတည်းက နောက်ထပ် ခိုလှုံခွင့် မပေးတော့တာမို့ အဓိပ္ပါယ်မပြည့်စုံတော့တဲ့ ...