Posts

Showing posts from December, 2017

Interview

Sunflowers Organic Dye Weaving Studioရဲ့ ခရီးအစ (2015~ အမျိုးသမီးများအတွက် မတ်မတ်ရပ် ပရဟိတကွက်လပ်ဖြည့်နေသူ ( အိမ်စည်စိုးစံ မေးမြန်းသည်။ ) တိုင်းရင်းသူတစ်ဦးလို မျက်နှာသွင်ပြင်နှင့် ဆရာမ ဖြူအိသိမ်းကို ကချင်ပြည်နယ်စစ်ရှောင်စခန်းတွေမှာ မကြာခဏတွေ့ရသလို မြို့ပေါ်က လူထုလှုပ်ရှားမှုတွေ၊ တိုင်းရင်း သားလှုပ်ရှားမှုတွေမှာလည်း မကြာခဏဆိုသလိုတွေ့ရတတ်ပါတယ်။ ဆရာမရဲ့ ၃၅-လမ်းအလယ်ဘလောက်က River Ayeyarwaddy Gallery ပြခန်းမှာ ပန်းချီ ဆရာ အဟောင်းအသစ်၊ အယုတ်အလတ်၊ အမြတ်မရွေးတို့ဟာ သူတို့ရဲ့ ပန်းချီကားတွေကို လွတ်လွတ်လပ်လပ် တင်ဆက်ပြသနိုင်ကြပါတယ်။ ဒီ့အပြင် နယ်စပ်ဒေ သေ တွမှာရှိတဲ့ အမျိုးသမီးတွေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် ရက်ကန်းပညာသင်ကြားပေးနေတဲ့ Sunflowers Group ရဲ့ တာဝန်တွေကိုလည်း ပခုံးပေါ်တင် ထမ်းဆောင်နေသူတစ်ဦးဖြစ်ပါတယ်။ မကြာသေးမီက ဂျာမန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ GIZ က မြန်မာ့လူ့အဖွဲ့အစည်းအပေါ် ဆရာမ ဖြူအိ သိမ်းရဲ့ ကူညီလုပ်ဆောင်မှုများအား အသိအမှတ်ပြုပေးခဲ့တဲ့အပေါ် ဆရာမ ဖြူအိသိမ်းနဲ့ ပေါ်ပြူလာနယူးစ်က မေးမြန်းဖော်ပြလိုက်ရပါတယ်။ အရင်ဆုံး ဆရာမရတဲ့ဆုအကြောင်း ပြောပြပေးပါ။ အစ်မက ၁၉ ရက်နေ့က