Posts

Image
မနေ့က ငယ်သူငယ်ချင်းသုံးယောက် ဆုံကြလေတယ်။ စိုးဝင်းဝင်းအေး၊ ပပစန္ဒီ၊ ဖြူအိသိမ်း ငယ်ငယ်တုန်းက လေးယောက်တွဲခဲ့ကြတာ မနှင်း HninNweWinရှိသေးတယ်။ ငယ်ငယ်ကတည်းက မနှင်းတိုအိမ်မှာဆုံရင် ညအိပ်စကားပြောကြတယ်။ သန်းသန်းချက်ကျွေးသမျှစားကြတယ်။ အန်တီ Khin ThanNwe ဖုတ်ပေးတဲ့ ကိတ်မုန့်စားကြတယ်။ မနှင်းမွေးနေ့ဆို မဉ္ဇူသက္ကခြံမှာ သူငယ်ချင်းတွေအစုံဆုံးပဲ။ သင်္ကြန်ဆို ညအိပ်ပြီး ရေကစားကြတယ်။ သတိရစရာတွေ။ ဝေဝေလို့ခေါ်တဲ့ စိုးဝင်းအေးတို့အိမ် မင်းမနိုင်မှာဆုံရင် သံဈေးသွားမုန့်စားမလား? ဈေးဝယ်မလား? မင်းမနိုင်ထဲက ဝက်သားတုတ်ထိုးဆိုင်ကိုသွား၊ ဝတ်သားတုတ်ထိုးသယ်ကို လက်ထိမယ်ထူထူလှီးဆိုတာမျိုးတွေနဲ့ နောက်ကြတယ်။ ပြီးရင် အပိုတောင်းစားကြတယ်။ အဲဒီကအပြန်ဆိုရင် ကြာဇံချက်ဆိုင်ဝင်မွှေကြပြန်ရော။ အဲ့လိုမှမဟုတ်လို့ကတော့ အစားတလိုင်းဝေဝေ့အိမ်မှာ ငါးနီတူခြောက်ငြုတ်သီးခွဲခြမ်းနဲ့ကြော်ထားတာကို မျှစ်နဲ့ချဉ်ပေါင်ရွက်ချဉ်ရည်ဟင်းနဲ့နယ်၊ ဘေးအိမ်ကမုန့်ဆိုင်ကနေ အာလူးကြော်ဝယ်ပြီး အားရပါးရနယ်စားကြတာ ကောင်းမှကောင်း။ နယ်စားတယ်ဆိုလို့ ကိုယ်ဘာသာနယ်တာမဟုတ်ဘူးနော်။ အဲဒီအချိန်ကတည်းက အတွက်အချက်စီမံတော်တဲ့ ဒေါ်ဝေကနယ်ပေးတာကို ဇွန်းနဲ့အဆင်သင့်စားကြတာ။ :) ကျောင်

CSR နှင့် အသက်မွေးဝမ်းကြောင်းအတတ်ပညာ

ဒီ​နေ့ ဖိုရမ်​တခုမှာ နာမည်​ကြီးဘဏ်​လုပ်​ငန်းနဲ့ တခြားလုပ်​ငန်းကြီးများစွာပိုင်​ဆိုင်​တဲ့ ပိုင်​ရှင်​ကြီးက keynote speakerအဖြစ်​ သူ့လုပ်​ငန်း​တွေဘယ်​လိုလုပ်​ခဲ့​ကြောင်း၊ ဘယ်​​လောက်​ကြီးကျယ်​​ကြောင်း၊ CSRကို ဘယ်​လိုလုပ်​ကိုင်​​နေ​ကြောင်း English languageနဲ့ ​ပြောပြတယ်​။ အားကျစရာ​ကောင်းတာ​တွေချည်းပဲ​ပေါ့။ သူ​CSRအ​နေနဲ့ လုပ်​ခဲ့တာတခု​ပြောပြတယ်​။ ​ဒေသတခုမှာသူ ဟိုတယ်​တခုတည်​​ဆောက်​​တော့ အဲဒီ​ဒေသက​ဆောက်​လုပ်​​ရေးအလုပ်​သမား​တွေကို​ခေါ်​ဆောက်​တယ်​တဲ့။ သူ့ဟိုတယ်​ကြီးလည်းပြီး​ရော ​ဆောက်​လုပ်​​ရေးလုပ်​သား​တွေကို ဟိုတယ်​လုပ်​ငန်းနဲ့ဆိုင်​တဲ့ သင်​တန်း​တွေ​ပေးလိုက်​တဲ့အခါ အုတ်​သယ်​တဲ့အမျိုးသမီးငယ်​​တွေက အိပ်​ခန်း​ဆောင်​ထိန်းသိမ်း​ရေးဝန်​ထမ်း၊ ပန်းရံလုပ်​တဲ့အမျိုးသား​တွေက doorman စတဲ့ဝန်​ထမ်း​တွေ ဖြစ်​လာပြီး သူ့ဟိုတယ်​မှာ အလုပ်​လုပ်​ကြတယ်​တဲ့။ အရမ်း​ကောင်းတဲ့ ​လုပ်​​ဆောင်​မှုပါ။ အဲ့ဒါကိုသူကဘယ်​လိုရှင်းပြခဲ့လဲဆို​တော့ construction worker(non skill worker)တဲ့။ Non skill worker က​နေ skill worker ဖြစ်​လာကြတယ်​တဲ့။ ဘယ်​အလုပ်​မှာမဆို skillလိုအပ်​တယ်​ထင်​တယ်​။ construction worker​တွေမှ

Interview

Sunflowers Organic Dye Weaving Studioရဲ့ ခရီးအစ (2015~ အမျိုးသမီးများအတွက် မတ်မတ်ရပ် ပရဟိတကွက်လပ်ဖြည့်နေသူ ( အိမ်စည်စိုးစံ မေးမြန်းသည်။ ) တိုင်းရင်းသူတစ်ဦးလို မျက်နှာသွင်ပြင်နှင့် ဆရာမ ဖြူအိသိမ်းကို ကချင်ပြည်နယ်စစ်ရှောင်စခန်းတွေမှာ မကြာခဏတွေ့ရသလို မြို့ပေါ်က လူထုလှုပ်ရှားမှုတွေ၊ တိုင်းရင်း သားလှုပ်ရှားမှုတွေမှာလည်း မကြာခဏဆိုသလိုတွေ့ရတတ်ပါတယ်။ ဆရာမရဲ့ ၃၅-လမ်းအလယ်ဘလောက်က River Ayeyarwaddy Gallery ပြခန်းမှာ ပန်းချီ ဆရာ အဟောင်းအသစ်၊ အယုတ်အလတ်၊ အမြတ်မရွေးတို့ဟာ သူတို့ရဲ့ ပန်းချီကားတွေကို လွတ်လွတ်လပ်လပ် တင်ဆက်ပြသနိုင်ကြပါတယ်။ ဒီ့အပြင် နယ်စပ်ဒေ သေ တွမှာရှိတဲ့ အမျိုးသမီးတွေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် ရက်ကန်းပညာသင်ကြားပေးနေတဲ့ Sunflowers Group ရဲ့ တာဝန်တွေကိုလည်း ပခုံးပေါ်တင် ထမ်းဆောင်နေသူတစ်ဦးဖြစ်ပါတယ်။ မကြာသေးမီက ဂျာမန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ GIZ က မြန်မာ့လူ့အဖွဲ့အစည်းအပေါ် ဆရာမ ဖြူအိ သိမ်းရဲ့ ကူညီလုပ်ဆောင်မှုများအား အသိအမှတ်ပြုပေးခဲ့တဲ့အပေါ် ဆရာမ ဖြူအိသိမ်းနဲ့ ပေါ်ပြူလာနယူးစ်က မေးမြန်းဖော်ပြလိုက်ရပါတယ်။ အရင်ဆုံး ဆရာမရတဲ့ဆုအကြောင်း ပြောပြပေးပါ။ အစ်မက ၁၉ ရက်နေ့က

ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်များ(၂)

ဇွန်လရဲ့ ကျောင်းအပ်ရာသီလေးတစ်ခုမှာ တွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်လေးတစ်ခုပါ။ လှိုင်သာယာရပ်ကွက်လေး တစ်ခုမှာရှိသော ကလေး၁၇ယောက်ကို ကျောင်းအပ်ပေးရန် သွားခဲ့ကြသည်။ ကလေးမိဘများမှာ တနေ့လုပ်မှ တနေ့စားရသော လက်လုပ်လက်စားများဖြစ်ကြသည်။ မိသားစုကများပြီးတနေ့စာတနေ့စာ အလျှင်မှီအောင် ရှာဖွေစားသောက်နေရသော သူများအဖို့ အပိုဝင်ငွေ မရှိသောကြောင့် ကလေးများကိုကျောင်းမထားနိုင်ကြပေ။ ရပ်ကွက်ထဲသို့ဝင်သွားလျှင် ၈ပေ-၁၀ပေပတ်လည် အိမ်ကျဉ်းကျဉ်းလေးများ တန်းစီနေကြသည်။ ထိုတဲအိမ်လေးများတွင်မိသားစုများကျဉ်းကျဉ်းကျပ်ကျပ် နေထိုင်ကြရသည်။ ကလေးတစ်ယောက်အိမ်ကိုရောက်သောအခါ လူမမာအမျိုးသမီးငယ်တစ်ယောက်ကိုတွေ့ရသည်။ လူမမာမှာ ကလေး ၅ယောက်၏ အမေဖြစ်သည်။ ယောင်္ကျာံးဖြစ်သူမှာ သီရိမင်္ဂံလာဈေး အရံမီးသတ်တပ်ဖွဲ့တွင်အလုပ် လုပ်သည်။ သားသမီး ၅ယောက်ရှိသည့်အနက် အကြီးဆုံးမှာအသက်၁၁နှစ်အရွယ်ယောင်္ကျာံးလေး ၊ ဒုတိယ သမီးမှာ ပထမတန်း၊ တတိယသားမှာ သူငယ်တန်း၊ စတုထ္တနဲ့ ပဉ္စမမှာ အမွှာသားနှစ်ယောက် ဖြစ်သည်။ မိသားစုစားဝတ်နေရေးမပြေလည်သောကြောင့်သားအကြီးဆုံးကိုကျောင်းထုတ်ပြီးလ္ဘက်ရည်ဆိုင်မှာ အလုပ် လုပ်စေခဲ့သည်။ ဒုတိယနဲ့တတိယသားနှင့်သမီးအား ကျွန်မတို့မှကျောင်းအပ်

ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်များ(၁)

မနေ့က ကိုညီလင်းဆက်တင်ထားတဲ့ Note ကိုဖတ်ကြည့်မိရာကနေ ကိုယ်ကြုံတွေ့ခဲ့ရတာလေးတွေကိုလည်း ရေးချင်လာတာနဲ့ comment ရေးမိတာကို ဒီမှာပြန်တင်လိုက်တာပါ။ ရန်ကုန်ပြန်ရောက်တုန်း ဖေဖေသက်သာအောင်ဆိုပြီး ဖေဖေ့ကိုယ်စား ငွေထုတ်ဖို့ ကိုယ်စားလှယ်လွှဲစာလေးယူပြီး ကုန်သည်လမ်းနဲ့ ဆူးလေဘုရားလမ်းထောင့်က ဘဏ်ကိုသွားတယ်။လူနည်းနည်းရှင်းနေတော့ ဒီတခါတော့မြန်ပြီပေါ့လို့ထင်လိုက်မိတယ်။ ကောင်တာနောက်မှာတော့ အားလုံးက ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေကြလေရဲ့။ ထမင်းစုစားတဲ့သူတွေက စား၊ စကားစုပြောနေကြတဲ့သူတွေက ပြော၊ တချို့ကလည်းပျင်းရိပျင်းတွဲနဲ့ ထိုင်ခုံပေါ်မှာထိုင်ပြီးအိပ်ငိုက်နေကြတယ်။ ကိုယ်ဝင်တဲ့ကောင်တာက ၀န်ထမ်းက ကိုယ့်အလှည့်ရောက်မှ ခဏဆိုပြီး မကြားတကြားပြောပြီး ဆပ်ပြာဘူးလေးကိုင်ပြီးထွက်သွားတာ ၁၅မိနစ်ကြာလည်းပေါ်မလာဘူး။ အဲဒါနဲ့ ဘေးကခုံမှာထိုင်ပြီးစကားပြောနေတဲ့တယောက်ကို ဘယ်သွားတာလဲမေးတော့ စိတ်မရှည်တဲ့လေသံနဲ့ " အိမ်သာသွားတက်တာဟေ့။အိမ်သာသွားတက်တာ။ခဏစောင့်"လို့ပြန်ပြောတယ်။"အဲဒါနဲ့ အမလုပ်ပေးလို့မရဘူးလား" လို့ပြောတော့ " ငါ့ကောင်တာမဟုတ်ဘူး။သူလာအောင်စောင့်"ဆိုပြီးအဟောက်ခံလိုက်ရပါလေရော။ စိတ္ထဲကေတာ့ ေ

အမှတ်တရ နှစ်(၉၀)

Image
ဖုံးအလိမ်းလိမ်း၊ ပိုးမျှင်အိမ်တွေကြားက စာသင်ခန်းတွေ၊ကျောက်သင်ပုန်းတွေ၊ စာသင်ခုံလေးတွေက အသုံးမကျတော့တဲ့ ငါ့ဘ၀လို့ ငိုကြွေးနေကြလေရဲ့...... ရယ်သံတွေခြောက်ကပ်နေတာကြာပြီဖြစ်တဲ့ ရတနာ၊အင်းယား၊ ပင်းယ၊ အင်းဝ...... အဆောင်သရဲလေးလည်း ဘယ်သူ့ကိုခြောက်ရပါ့... ဖျာလိပ်နတ်လည်း ပျင်းရိနေရောပေါ့... အဆောင်ရှေ့က သီချင်းသံတွေ ပျောက်ဆုံးခဲ့တော့ ရေတမာ ပင်တွေလည်း လွမ်းလို့နေပေါ့... ဦးချစ်၊မြကျွန်းသာ....အမည်တွေ တွင်စေခဲ့တဲ့ တောင်ငူ၊ ၀ိဇ္ဖာ ကန်တင်းနဲ့ စာကြည့်တိုက်၊ဂျပ်ဆင်အိုကြီးနားက ချစ်တင်းနှောသံတွေလည်း တိတ်ဆိတ်လို့ နေလေရဲ့...... ကံကော်တွေပွင့်၊ စိန်ပန်းပွင့်လည်း လွမ်းစရာ အဖော်မဲ့ ဥသြငှက်တို့ တမ်းတမ်းတတ အော်မြည်နေလေရဲ့.... သက်ရှိတွေ ပြောင်းလဲ၊အိုဟောင်းပျက်စီး၊ ပျောက်ကွယ်သွားကြပေမဲ့ ..... သက်မဲ့ အဆောက်အဦးတချို့ ပြိုလဲပျက်စီး၊ အစားထိုးဖျက်ဆီးခံခဲ့ရပေမဲ့.....  အော်..... ဘွဲ့နှင်းသဘင်၊သစ်ပုတ်ပင် နဲ့ အဓိပတိလမ်းမကြီးကတော့ နှစ်ကိုးဆယ်တိုင်ခဲ့... အရာရာကိုအံတုလို့ တည်ရှိနေဆဲ... ဒါပေမဲ့....သူ့ရင်ခွင်ထဲက ဆွဲထုတ်ခံလိုက်ရတဲ့ သားသမီးတွေပျောက်ဆုံးသွားကတည်းက နောက်ထပ် ခိုလှုံခွင့် မပေးတော့တာမို့ အဓိပ္ပါယ်မပြည့်စုံတော့တဲ့

Renewal of my blog

ဒီနေ့ ၂၀၁၀ ခုနှစ် မွေးနေ့အမှတ်တရအနေနဲ့ blog လေးကိုပြန်အသက်သွင်းမလို့ ဆုံးဖြတ်လိုက်တယ်။ တသက်တနှစ်ကြီးလာတိုင်း ပြီးခဲ့တဲ့ ကာလမှာ ကိုယ်ဘာတွေလုပ်ခဲ့လဲ။ အနာဂတ်မှာဘာတွေလုပ်မလဲလို့ ကိုယ့်ကိုယ်ကို သုံးသပ်မိတယ်။ လုပ်မယ်လို့ မှန်းထားပြီးမှ မလုပ်ခဲ့မိတာတွေလည်း အများကြီးကျန်သေးတယ်။ စိတ်ဓာတ်အရကော ဘယ်လောက်ဖြူစင်အောင်ထားနိုင်ပြီလဲ။ အတ္တကြီးတဲ့လူတယောက်ဖြစ်နေတုန်းလား။ ဝေဖန်ကြည့်မိနေတယ်။ အများကြီး ကြိုးစားရဦးမယ်။ အများကြီးပြင်ဆင်ရဦးမယ်။ အများကြီး သင်ယူရဦးမယ်။ ဒီနေ့ မွေးနေ့ ဆုတောင်းတွေ အများကြီးရလိုက်တယ်။ အရမ်းပျော်တယ်။ ဒီလိုမျိုး မိဘ၊ မောင်နှမ၊ ဆွေမျိုးသားချင်း၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ၊ သူငယ်ချင်းမိတ်ဆွေတွေ အားလုံးနဲ့ ဆုံတွေ့ခွင့်ရအောင် မွေးဖွားပေးခဲ့တဲ့ မေမေနဲ့ ဖေဖေ၊ ဘယ်လိုမှ ကျေးဇူးဆပ်မကုန်တော့။ ခုအချိန်ထိ ရပ်တည်နိုင်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်။ အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတတွေ သင်ကြားပေးတဲ့ ဆရာ၊ဆရာမတွေ၊ အမြဲတမ်း ချစ်ချစ်ခင်ခင်နဲ့ ပျော်ပျော်ရွှင်ရွှင် နေနိုင်အောင် အကူအညီတွေပေးကြတဲ့ အားပေးဖော်အပေါင်းအသင်း မောင်နှမတွေအားလုံးကိုလည်း ကျေးဇူးအရမ်းတင်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ စ