Posts

Showing posts from December, 2010

ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်များ(၁)

မနေ့က ကိုညီလင်းဆက်တင်ထားတဲ့ Note ကိုဖတ်ကြည့်မိရာကနေ ကိုယ်ကြုံတွေ့ခဲ့ရတာလေးတွေကိုလည်း ရေးချင်လာတာနဲ့ comment ရေးမိတာကို ဒီမှာပြန်တင်လိုက်တာပါ။ ရန်ကုန်ပြန်ရောက်တုန်း ဖေဖေသက်သာအောင်ဆိုပြီး ဖေဖေ့ကိုယ်စား ငွေထုတ်ဖို့ ကိုယ်စားလှယ်လွှဲစာလေးယူပြီး ကုန်သည်လမ်းနဲ့ ဆူးလေဘုရားလမ်းထောင့်က ဘဏ်ကိုသွားတယ်။လူနည်းနည်းရှင်းနေတော့ ဒီတခါတော့မြန်ပြီပေါ့လို့ထင်လိုက်မိတယ်။ ကောင်တာနောက်မှာတော့ အားလုံးက ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေကြလေရဲ့။ ထမင်းစုစားတဲ့သူတွေက စား၊ စကားစုပြောနေကြတဲ့သူတွေက ပြော၊ တချို့ကလည်းပျင်းရိပျင်းတွဲနဲ့ ထိုင်ခုံပေါ်မှာထိုင်ပြီးအိပ်ငိုက်နေကြတယ်။ ကိုယ်ဝင်တဲ့ကောင်တာက ၀န်ထမ်းက ကိုယ့်အလှည့်ရောက်မှ ခဏဆိုပြီး မကြားတကြားပြောပြီး ဆပ်ပြာဘူးလေးကိုင်ပြီးထွက်သွားတာ ၁၅မိနစ်ကြာလည်းပေါ်မလာဘူး။ အဲဒါနဲ့ ဘေးကခုံမှာထိုင်ပြီးစကားပြောနေတဲ့တယောက်ကို ဘယ်သွားတာလဲမေးတော့ စိတ်မရှည်တဲ့လေသံနဲ့ " အိမ်သာသွားတက်တာဟေ့။အိမ်သာသွားတက်တာ။ခဏစောင့်"လို့ပြန်ပြောတယ်။"အဲဒါနဲ့ အမလုပ်ပေးလို့မရဘူးလား" လို့ပြောတော့ " ငါ့ကောင်တာမဟုတ်ဘူး။သူလာအောင်စောင့်"ဆိုပြီးအဟောက်ခံလိုက်ရပါလေရော။ စိတ္ထဲကေတာ့ ေ

အမှတ်တရ နှစ်(၉၀)

Image
ဖုံးအလိမ်းလိမ်း၊ ပိုးမျှင်အိမ်တွေကြားက စာသင်ခန်းတွေ၊ကျောက်သင်ပုန်းတွေ၊ စာသင်ခုံလေးတွေက အသုံးမကျတော့တဲ့ ငါ့ဘ၀လို့ ငိုကြွေးနေကြလေရဲ့...... ရယ်သံတွေခြောက်ကပ်နေတာကြာပြီဖြစ်တဲ့ ရတနာ၊အင်းယား၊ ပင်းယ၊ အင်းဝ...... အဆောင်သရဲလေးလည်း ဘယ်သူ့ကိုခြောက်ရပါ့... ဖျာလိပ်နတ်လည်း ပျင်းရိနေရောပေါ့... အဆောင်ရှေ့က သီချင်းသံတွေ ပျောက်ဆုံးခဲ့တော့ ရေတမာ ပင်တွေလည်း လွမ်းလို့နေပေါ့... ဦးချစ်၊မြကျွန်းသာ....အမည်တွေ တွင်စေခဲ့တဲ့ တောင်ငူ၊ ၀ိဇ္ဖာ ကန်တင်းနဲ့ စာကြည့်တိုက်၊ဂျပ်ဆင်အိုကြီးနားက ချစ်တင်းနှောသံတွေလည်း တိတ်ဆိတ်လို့ နေလေရဲ့...... ကံကော်တွေပွင့်၊ စိန်ပန်းပွင့်လည်း လွမ်းစရာ အဖော်မဲ့ ဥသြငှက်တို့ တမ်းတမ်းတတ အော်မြည်နေလေရဲ့.... သက်ရှိတွေ ပြောင်းလဲ၊အိုဟောင်းပျက်စီး၊ ပျောက်ကွယ်သွားကြပေမဲ့ ..... သက်မဲ့ အဆောက်အဦးတချို့ ပြိုလဲပျက်စီး၊ အစားထိုးဖျက်ဆီးခံခဲ့ရပေမဲ့.....  အော်..... ဘွဲ့နှင်းသဘင်၊သစ်ပုတ်ပင် နဲ့ အဓိပတိလမ်းမကြီးကတော့ နှစ်ကိုးဆယ်တိုင်ခဲ့... အရာရာကိုအံတုလို့ တည်ရှိနေဆဲ... ဒါပေမဲ့....သူ့ရင်ခွင်ထဲက ဆွဲထုတ်ခံလိုက်ရတဲ့ သားသမီးတွေပျောက်ဆုံးသွားကတည်းက နောက်ထပ် ခိုလှုံခွင့် မပေးတော့တာမို့ အဓိပ္ပါယ်မပြည့်စုံတော့တဲ့

Renewal of my blog

ဒီနေ့ ၂၀၁၀ ခုနှစ် မွေးနေ့အမှတ်တရအနေနဲ့ blog လေးကိုပြန်အသက်သွင်းမလို့ ဆုံးဖြတ်လိုက်တယ်။ တသက်တနှစ်ကြီးလာတိုင်း ပြီးခဲ့တဲ့ ကာလမှာ ကိုယ်ဘာတွေလုပ်ခဲ့လဲ။ အနာဂတ်မှာဘာတွေလုပ်မလဲလို့ ကိုယ့်ကိုယ်ကို သုံးသပ်မိတယ်။ လုပ်မယ်လို့ မှန်းထားပြီးမှ မလုပ်ခဲ့မိတာတွေလည်း အများကြီးကျန်သေးတယ်။ စိတ်ဓာတ်အရကော ဘယ်လောက်ဖြူစင်အောင်ထားနိုင်ပြီလဲ။ အတ္တကြီးတဲ့လူတယောက်ဖြစ်နေတုန်းလား။ ဝေဖန်ကြည့်မိနေတယ်။ အများကြီး ကြိုးစားရဦးမယ်။ အများကြီးပြင်ဆင်ရဦးမယ်။ အများကြီး သင်ယူရဦးမယ်။ ဒီနေ့ မွေးနေ့ ဆုတောင်းတွေ အများကြီးရလိုက်တယ်။ အရမ်းပျော်တယ်။ ဒီလိုမျိုး မိဘ၊ မောင်နှမ၊ ဆွေမျိုးသားချင်း၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ၊ သူငယ်ချင်းမိတ်ဆွေတွေ အားလုံးနဲ့ ဆုံတွေ့ခွင့်ရအောင် မွေးဖွားပေးခဲ့တဲ့ မေမေနဲ့ ဖေဖေ၊ ဘယ်လိုမှ ကျေးဇူးဆပ်မကုန်တော့။ ခုအချိန်ထိ ရပ်တည်နိုင်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်။ အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတတွေ သင်ကြားပေးတဲ့ ဆရာ၊ဆရာမတွေ၊ အမြဲတမ်း ချစ်ချစ်ခင်ခင်နဲ့ ပျော်ပျော်ရွှင်ရွှင် နေနိုင်အောင် အကူအညီတွေပေးကြတဲ့ အားပေးဖော်အပေါင်းအသင်း မောင်နှမတွေအားလုံးကိုလည်း ကျေးဇူးအရမ်းတင်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ စ