Interview

Sunflowers Organic Dye Weaving Studioရဲ့ ခရီးအစ (2015~
အမျိုးသမီးများအတွက် မတ်မတ်ရပ် ပရဟိတကွက်လပ်ဖြည့်နေသူ
( အိမ်စည်စိုးစံ မေးမြန်းသည်။ )
တိုင်းရင်းသူတစ်ဦးလို မျက်နှာသွင်ပြင်နှင့် ဆရာမ ဖြူအိသိမ်းကို ကချင်ပြည်နယ်စစ်ရှောင်စခန်းတွေမှာ မကြာခဏတွေ့ရသလို မြို့ပေါ်က လူထုလှုပ်ရှားမှုတွေ၊ တိုင်းရင်း သားလှုပ်ရှားမှုတွေမှာလည်း မကြာခဏဆိုသလိုတွေ့ရတတ်ပါတယ်။ ဆရာမရဲ့ ၃၅-လမ်းအလယ်ဘလောက်က River Ayeyarwaddy Gallery ပြခန်းမှာ ပန်းချီ ဆရာ အဟောင်းအသစ်၊ အယုတ်အလတ်၊ အမြတ်မရွေးတို့ဟာ သူတို့ရဲ့ ပန်းချီကားတွေကို လွတ်လွတ်လပ်လပ် တင်ဆက်ပြသနိုင်ကြပါတယ်။ ဒီ့အပြင် နယ်စပ်ဒေ သေ တွမှာရှိတဲ့ အမျိုးသမီးတွေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် ရက်ကန်းပညာသင်ကြားပေးနေတဲ့ Sunflowers Group ရဲ့ တာဝန်တွေကိုလည်း ပခုံးပေါ်တင် ထမ်းဆောင်နေသူတစ်ဦးဖြစ်ပါတယ်။ မကြာသေးမီက ဂျာမန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ GIZ က မြန်မာ့လူ့အဖွဲ့အစည်းအပေါ် ဆရာမ ဖြူအိ သိမ်းရဲ့ ကူညီလုပ်ဆောင်မှုများအား အသိအမှတ်ပြုပေးခဲ့တဲ့အပေါ် ဆရာမ ဖြူအိသိမ်းနဲ့ ပေါ်ပြူလာနယူးစ်က မေးမြန်းဖော်ပြလိုက်ရပါတယ်။
အရင်ဆုံး ဆရာမရတဲ့ဆုအကြောင်း ပြောပြပေးပါ။
အစ်မက ၁၉ ရက်နေ့က အမျိုးသမီးစွန့် ဦးတီထွင်သူများနေ့ကပေါ့နော်။ GIZ ဆိုတဲ့ အဖွဲ့ကပေးတဲ့ဆုရတာ။ သူကလူမှုစီးပွားရေးဆိုတာထက် အမျိုးသမီးစွန့်ဦး တီထွင် သူတွေ ပေါ့နော်။ အဲ့ဒီမှာလုပ်နေတဲ့သူတွေကိုထောက် ပံ့ပေးချင်တဲ့အတွက်ကြောင့်ဆုပေးတာ။ အဲ့ဒီ ဆုကလည်း ဒေါ်လာငါးထောင်၊ ပထမတစ်ယောက်ပဲ ရွေးဖို့ရှိတာ။ နောက်နှစ်ယောက်ရွေးဖြစ်တော့ အစ်မရယ် နောက်တစ်ယောက်ရယ်၊ နှစ်ယောက်ဆိုတော့ တစ်ယောက်ကို ဒေါ်လာ နှစ်ထောင့်ငါးရာစီရတာပေါ့နော်။
အသစ်လုပ်သွားမယ်ဆိုတော့ ဘာတွေများပါလဲ။
အရင်ကတည်းက Sunflowers Group အနေနဲ့ ညောင်ရွှေမှာ စတူဒီယိုလုပ်ဖို့ရှိပါတယ်။ အခုဒီဆုငွေနဲ့ ဒါကိုအကောင်အထည်ဖော်သွားမှာပါ။ အစ်မနဲ့အတူ တောင်ကြီး ရက်ကန်းကျောင်းဆင်း မိန်းကလေးသုံးဦးပါမယ်။ ညောင်ရွှေမှာက ရက်ကန်းရုံမရှိဘူး။ သဘောဝဆိုးဆေးရုံမရှိဘူး။ ကွာလတီပစ္စည်းလို့ပြောရင် အင်းလေးမှာက နည်း နည်းရှားတယ်။ ရောင်းတော့ ရောင်းနေကြတာပဲ။ ကွာလတီကို မထိန်းနိုင်ကြသေးဘူး။ ဒါကြောင့် အဲ့ဒီမှာ ကွာလတီပစ္စည်းရယ်၊ သဘာဝဆိုးဆေးရုံကို ကြည့်လို့ ရ မယ့်စ တူဒီယို၊ နောက် ရက်ကန်းရက်တာတွေကိုလည်း စတူဒီယိုမှာကြည့်လို့ရအောင် လုပ်သွားမှာပါ။
သဘာဝဆိုးဆေးအကြောင်းလေးလည်း ပြောပြပေးပါဦး။
အဓိကကတော့ သဘာဝဆိုးဆေးလို့ ပြောရင် ဓာတုဆေးဝါး မသုံးတဲ့အတွက်ကြောင့် အရေးအကြီးဆုံးက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်တယ်။ ဒါပေမဲ့ အ များကြီး အသုံးလွန်လို့မရဘူးပေါ့။ အဓိကကတော့ လွှင့်ပစ်မယ့်ပစ္စည်းတို့ ဥပမာကြက်သွန်နီအခွံ နဲ့ ဆိုးတာဆိုရင်လည်း ကြက်သွန်နီအခွံကသုံးပြီးရင် အမှိုက်တောင်း ထဲေ ရာက်သွားမယ့် ပစ္စည်း။ နောက်ပြီး တညင်းသီးအခွံဆိုလည်း ဒီလိုပဲ နောက်ပြီး အုန်းသီးရဲ့အခွံ၊ သစ်ပင်ရဲ့ အခေါက်ဆိုရင်လည်း ခွာပေမယ့်လို့ ပြန်ထွက်တယ်လေ။ အ ရွက်ဆိုလည်း ဒီအရွက်က ဒီသစ်ပင်အသက်ရှင်နေသမျှ ပြန်ထွက်နေမှာ ပဲ။ ဒီအခါကျတော့ ဖြုန်းတီးရာ မရောက်တော့ဘူးပေါ့။ ဒါပေမဲ့ ကိုယ်သုံးပြီးရင် ပြန်အစားထိုးဖို့ အရေးကြီးသေးတာပေါ့။
အစ်မအမြင် သဘာဝဆိုးဆေးနဲ့ ဓာတုဆိုးဆေးကွာခြားချက်ကိုလည်း ပြောပြပေးပါလား။
ဓာတုဗေဒဆိုးဆေးကျတော့ နိုင်ငံခြားကနေ ဝယ်ရတယ်။ နောက်ပြီး ဒီမှာသုံးတယ်။ ဒါပေမဲ့ တကယ်ပြောတော့ အသုံးပြုနေတဲ့သူ တွေမှာရော၊ အသုံးပြုနေတဲ့ နေရာ မှာရော အ ရမ်းအန္တရာယ်များတယ်။ ဓာတုဆိုးဆေးဆိုတော့ နောက်ဆုံး အင်းလေးလို့ ပြောရင် အင်းလေးကန်မှာ ရေပြင်ရှိတယ်။ ဒီဆေးသုံးတယ်ဆိုရင် ရေအရမ်း သုံးရ တယ်။ အဲဒီအတွက် ကြောင့် အင်းလေးကန်က အရမ်းသင့်တော်တဲ့နေရာ။ ဒါပေမဲ့လို့ အင်းလေးကန်ရဲ့ အဆိပ်ဖြစ်မှုနေရာမှာ ဓာတ်မြေသြဇာအပြင် အဲဒီဆိုးဆေးတွေ လည်း အများကြီးပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ရက်ကန်းရုံတစ်ရုံ အင်းလေးကန်ထဲမှာ ထိုးတာနဲ့အမျှ အဲ့ဒီကန်က ပိုပြီးအဆိပ်အတောက်ဖြစ်စေတယ်။ ဓာတုဆိုးဆေး နဲ့ ဆိုးတဲ့အရည်တွေ အကုန်လုံးက ဒီရေထဲကို သွားတာလေ။ နောက်မြေကြီးမှာ ဒီဓာတုဆိုးဆေးကျရင် အဲ့ဒီမြေကြီးက ဂေဟစနစ်ပျက်စီးတာတွေအများကြီးရှိတယ်။
ကချင်ဘက်လည်းသွားတော့ အဲဒီဘက်က အခြေအနေတွေကိုလည်း ပြောပြပေးပါဦး။
ကချင်ဒေသကတော့ အခက်အခဲတွေ အများကြီးရှိတယ်။ အဲဒီက စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေကို သွားရင်းနဲ့မှ ရောက်တာဆိုတော့ခက်ခဲတယ်။ သူတို့ နေထိုင် တဲ့နေရာမှာလည်း ခက်ခဲတယ်။ အဲ့ဒီအတွက်ကြောင့် သူတို့နဲ့အတူတူအလုပ်လုပ်မယ်လို့ ဆုံးဖြတ်တာပေါ့နော်။ လောလောဆယ်အထိအိမ်မပြန်ရသေးတဲ့ အခါကျတော့ ဘာအလုပ်လုပ်ပေးရင် ကောင်းမလဲ စဉ်းစားတဲ့အခါကျတော့ ရက်ကန်းက သင်တန်းပေးဖို့လိုတယ်။ ဒါပေမဲ့ သူတို့က သူတို့ရဲ့နေရာက မခွာချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နဂိုကတည်းကမှ သူတို့က အိမ်နဲ့ခွာပြီးနေရတာဆိုတော့ မိသားစုတွေထဲ မှာ သေတဲ့သူကသေ။ အဝေးရောက်နေတဲ့သူက ရောက်နေတဲ့ဟာကိုမှ ရှိတဲ့ဟာကိုဘယ်နေရာမှ ထပ်မခွာချင်တော့ဘူး။ အဲ့ဒါကြောင့် ရက်ကန်းကျောင်းက ကျောက်မဲတို့၊ မြစ်ကြီးနားတို့မှာ ရှိနေတာတောင်မှ မသွားနိုင်ကြဘူး။ အဲ့ဒါကြောင့် သူတို့အတွက် မဖြစ်ဖြ စ်အောင်လုပ်မယ်ဆိုပြီး အဲ့ဒီ accessories လုပ်တာကို သတိရပြီးသင်တန်းပေးပြီးထုတ်တာ။ သင်တန်း လည်းပေး၊ ပစ္စည်းလည်းထုတ်နဲ့ လုပ်ခဲ့တာ နှစ်ခေါက်ပြီးသွားပြီ။ အခု တစ်ခေါက်ပို့မှာ နဲ့ဆိုသုံးခေါက်။ ဒီအတွက်လည်း Made in Myanmar ပွဲမှာ ထည့်ပြသွားမှာ။
Made in Myanmar ပွဲလေးလုပ်မယ့် အကြောင်းလည်း ပြောပြပေးပါဦး။
ဒီပွဲလေးကတော့ မြန်မာပြည်မှာရှိတဲ့ လက်မှုပစ္စည်း အနုပညာဆန်ဆန်တွေကြည့်စေချင်တဲ့ပွဲတော်ပါ။ အဓိကကတော့ Made in Myanmar ဆိုတာကို လူတွေ သိစေ ချင်တယ်။ နောက်ပြီး မြန်မာနိုင်ငံမှာ အခုလက်ရှိအခြေအနေမှာ လူမှုစီးပွားရေး သီးသန့်လုပ်တာတွေက အောင်မြင်နေပြီလေ။ ဒါပေမဲ့ လူမှုစီးပွားရေးလုပ်ငန်း လုပ် တဲ့ အ ခါမှာ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့လူမှု၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေက ကိုယ်လုပ်လိုက်တဲ့ ဒီလက်မှုပညာလေးတွေ၊ ကိုယ်ထုတ်လုပ်လိုက်တဲ့ ပစ္စည်းလေးတွေနဲ့ ကိုယ် တိုင်ရပ်တည်နေတဲ့ လုပ်ငန်းတွေကို တိုးပွားလာအောင် ပိုပြီးဂရုစိုက်လာကြတယ်။ အဲ့ဒါကိုလည်း သိစေချင်တယ်။ လူမှုစီးပွားရေးလုပ်ငန်းလို့ ပြောလို့ ဒီလုပ်ငန်းတွေကို ကူ ညီတယ်။ ထောက်ပံ့တယ်ရယ်လို့ မဟုတ်တော့ဘဲနဲ့ ဒီလူမှုစီးပွားလုပ်ငန်းလုပ်နေတဲ့ သူတွေက ကွာလတီမီတဲ့ ပစ္စည်းထုတ်ပြီးတော့မှ ကိုယ်တိုင်ရောင်းပြီး အဲ့ဒီကနေ ကိုယ်တိုင်ရပ်တည် နိုင်တဲ့ဘဝတွေဖြစ်အောင် နောက်ဆုံးထုတ်လုပ်တဲ့ သူတွေက တစ်ချိန်မှာ ပိုင်ရှင်ဆိုင်ရှင်တွေ သူတို့ကိုယ်တိုင်စီးပွားရေးသမားကြီးတွေ ဖြစ် လာေ အာင်လို့ ဒီအောက်ခြေအဆင့်လေးပေါ့နော်။ ဒီကနေစပြီး ကျယ်ပြန့်သွားမယ်ဆိုရင် လူတိုင်း အလုပ်လုပ်နိုင်ပြီး စီးပွားရှာနိုင်တဲ့ အခြေအနေရောက်အောင်ပါ။ ဒါကြောင့် လူ မှုစီးပွားရေးတွေကို မိတ်ဆက်ပေးတာပါ။
ဆရာမကို နိုင်ငံရေးလှုပ်ရှားမှုတွေမှာလည်း တွေ့နေရပါတယ်။ အဲဒီအပေါ်လည်း ပြောပြပေးပါဦး။
အစ်မကတော့ ဒီလိုပွဲတော့ တက်တာမှန်တယ်။ ဒီမှာက လိုအပ်ချက်တွေများတယ်။ ပြောင်းလဲနေတဲ့အချိန်ကာလဖြစ်တယ်ပေါ့နော်။ ဆိုတော့ လိုအပ်တဲ့ဟာကို လိုအပ် တဲ့နေ ရာမှာ ဝင်လုပ်တာပါ။ နောက်ပြီး အန်တီပြောတဲ့စကားလည်းရှိတယ်။ နိုင်ငံသားတိုင်းက ဒီကိစ္စတွေအားလုံးမှာ ပါဝင်ပတ်သက်မှုရှိရ မယ်လေ။ ကိုယ်ကလည်း နဂိုက တည်းက ပရဟိတလုပ်တဲ့ ကိစ္စတွေမှာ ပါဝင်ခဲ့ရာကနေ တစ်ဆင့် အခုလို ဒီဘက်ပြောင်းလဲနေတဲ့ကာလ တွေမှာလည်း လိုအပ်မယ်ထင်တဲ့ဟာတွေကို ဝင်လုပ်တာပါ။ ကြီး ကြီးကျယ်ကျယ်ကြီးတော့ မဟုတ်ပါဘူး။
အိမ်စည်စိုးစံ မေးမြန်းသည်။
Popular Myanmar News Journal
2014 November

Comments

Popular posts from this blog

ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်များ(၂)

CSR နှင့် အသက်မွေးဝမ်းကြောင်းအတတ်ပညာ

ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်များ(၁)