အမှတ်တရ နှစ်(၉၀)

ဖုံးအလိမ်းလိမ်း၊ ပိုးမျှင်အိမ်တွေကြားက

စာသင်ခန်းတွေ၊ကျောက်သင်ပုန်းတွေ၊ စာသင်ခုံလေးတွေက

အသုံးမကျတော့တဲ့ ငါ့ဘ၀လို့ ငိုကြွေးနေကြလေရဲ့......

ရယ်သံတွေခြောက်ကပ်နေတာကြာပြီဖြစ်တဲ့

ရတနာ၊အင်းယား၊ ပင်းယ၊ အင်းဝ......

အဆောင်သရဲလေးလည်း ဘယ်သူ့ကိုခြောက်ရပါ့...

ဖျာလိပ်နတ်လည်း ပျင်းရိနေရောပေါ့...

အဆောင်ရှေ့က သီချင်းသံတွေ ပျောက်ဆုံးခဲ့တော့

ရေတမာ ပင်တွေလည်း လွမ်းလို့နေပေါ့...

ဦးချစ်၊မြကျွန်းသာ....အမည်တွေ တွင်စေခဲ့တဲ့

တောင်ငူ၊ ၀ိဇ္ဖာ ကန်တင်းနဲ့

စာကြည့်တိုက်၊ဂျပ်ဆင်အိုကြီးနားက

ချစ်တင်းနှောသံတွေလည်း

တိတ်ဆိတ်လို့ နေလေရဲ့......

ကံကော်တွေပွင့်၊ စိန်ပန်းပွင့်လည်း

လွမ်းစရာ အဖော်မဲ့ ဥသြငှက်တို့

တမ်းတမ်းတတ အော်မြည်နေလေရဲ့....

သက်ရှိတွေ ပြောင်းလဲ၊အိုဟောင်းပျက်စီး၊

ပျောက်ကွယ်သွားကြပေမဲ့ .....

သက်မဲ့ အဆောက်အဦးတချို့ ပြိုလဲပျက်စီး၊

အစားထိုးဖျက်ဆီးခံခဲ့ရပေမဲ့.....



အော်.....

ဘွဲ့နှင်းသဘင်၊သစ်ပုတ်ပင် နဲ့

အဓိပတိလမ်းမကြီးကတော့

နှစ်ကိုးဆယ်တိုင်ခဲ့...

အရာရာကိုအံတုလို့ တည်ရှိနေဆဲ...

ဒါပေမဲ့....သူ့ရင်ခွင်ထဲက ဆွဲထုတ်ခံလိုက်ရတဲ့

သားသမီးတွေပျောက်ဆုံးသွားကတည်းက

နောက်ထပ် ခိုလှုံခွင့် မပေးတော့တာမို့

အဓိပ္ပါယ်မပြည့်စုံတော့တဲ့ ဘ၀ကို စဉ်းစားရင်း

ငိုနေခဲ့တာ နှစ်ပေါင်းကြာလှပေါ့....

Phyu Ei Thein

(၁.၁၂.၂၀၁၀)

Comments

min said…
ဖြူအိ.. ကိုဇော်ဝင်းမောင်ပါ။ အားလုံးကို သတိရတယ်။
မလေးရှားမှာပဲ။ ဈေးရောင်းစားနေတယ်။
မြန်မာဆိုင်တစ်ခုပေါ့။ နာမည်က မင်းသီဟ ။ ဒီလိုပဲပေါ့။
ရန်ကုန်မှာ ဆယ်သိန်း ဆိုတဲ့ လဘက်ရည်ဆိုင် တစ်ဆိုင် အောင်မြင်အောင်လုပ်နိုင်ခဲ့တယ်။ ဖြူအိ လက်ခံ နိုင်မယ် ထင်ပါတယ်။ ဖြူအိ ဂျပန် ပြန်တုန်းက ကိုဇော်ဝင်းမောင် လိုက်ပို့သေးတယ်။ ညီမရယ် မချောအိ
အကြောင်း သိရတယ်။ ဂုဏ်ယူပါတယ်။ အမှန်တရား ဘက်က ရပ်တည်မူ အတွက် ဂုဏ်ယူမိပါတယ်။ ဖြူအိ ဂျပန်ပြန်တဲ့ နေ.က အစ်ကို မချောအိနှင့် အတူ လိုက်ပို့ခဲ့တယ်နော်။ အားလုံးကို ဂုဏ်ယူတယ်။ ကိုဇော်ဝင်းမောင် ၀၁၇၂၇၉၄၃၀၀ မလေးရှား ကျေးဇူးပြု၍ ဖုန်းခေါ်ပေးပါ ။ မချောအိကို ဒီဖုန်းနံပတ်ပေး ပေးပါ။ အရမ်း သတိရတယ်...
Phyu Ei Thein said…
ကျေးဇူးပါ ကိုဇော်ဝင်းမောင်။ မားကြီးကိုဖုန်းနံပါတ်ပေးလိုက်ပါ့မယ်။ အခွင့်အရေးပေးရင် မလေးကိုလာလည်ပါဦးမယ်။

Popular posts from this blog

ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်များ(၂)

CSR နှင့် အသက်မွေးဝမ်းကြောင်းအတတ်ပညာ

ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်များ(၁)