Renewal of my blog

ဒီနေ့ ၂၀၁၀ ခုနှစ် မွေးနေ့အမှတ်တရအနေနဲ့ blog လေးကိုပြန်အသက်သွင်းမလို့ ဆုံးဖြတ်လိုက်တယ်။ တသက်တနှစ်ကြီးလာတိုင်း ပြီးခဲ့တဲ့ ကာလမှာ ကိုယ်ဘာတွေလုပ်ခဲ့လဲ။ အနာဂတ်မှာဘာတွေလုပ်မလဲလို့ ကိုယ့်ကိုယ်ကို သုံးသပ်မိတယ်။ လုပ်မယ်လို့ မှန်းထားပြီးမှ မလုပ်ခဲ့မိတာတွေလည်း အများကြီးကျန်သေးတယ်။ စိတ်ဓာတ်အရကော ဘယ်လောက်ဖြူစင်အောင်ထားနိုင်ပြီလဲ။ အတ္တကြီးတဲ့လူတယောက်ဖြစ်နေတုန်းလား။ ဝေဖန်ကြည့်မိနေတယ်။ အများကြီး ကြိုးစားရဦးမယ်။ အများကြီးပြင်ဆင်ရဦးမယ်။ အများကြီး သင်ယူရဦးမယ်။
ဒီနေ့ မွေးနေ့ ဆုတောင်းတွေ အများကြီးရလိုက်တယ်။ အရမ်းပျော်တယ်။ ဒီလိုမျိုး မိဘ၊ မောင်နှမ၊ ဆွေမျိုးသားချင်း၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ၊ သူငယ်ချင်းမိတ်ဆွေတွေ အားလုံးနဲ့ ဆုံတွေ့ခွင့်ရအောင် မွေးဖွားပေးခဲ့တဲ့ မေမေနဲ့ ဖေဖေ၊ ဘယ်လိုမှ ကျေးဇူးဆပ်မကုန်တော့။ ခုအချိန်ထိ ရပ်တည်နိုင်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်။ အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတတွေ သင်ကြားပေးတဲ့ ဆရာ၊ဆရာမတွေ၊ အမြဲတမ်း ချစ်ချစ်ခင်ခင်နဲ့ ပျော်ပျော်ရွှင်ရွှင် နေနိုင်အောင် အကူအညီတွေပေးကြတဲ့ အားပေးဖော်အပေါင်းအသင်း မောင်နှမတွေအားလုံးကိုလည်း ကျေးဇူးအရမ်းတင်ပါတယ်။
အသက်ကြီးလာတာနဲ့အမျှ စာဖတ်တဲ့အချိန်ပိုများလာသလို စာတွေလည်းရေးချင်လာတယ်။ တခါတလေ Facebook ပေါ်မှာရေးဖြစ်တဲ့အခါ သူငယ်ချင်းတချို့က blog မှာတင်ပါလားလို့လည်း အကြံပေးလာခဲ့တယ်။ သူများတွေလို စာရေးတာမတော်လို့ ကိုယ့်ကိုယ်ကို အားမရပေမဲ့ ကိုယ်ရေးထားတဲ့ စာလေးတွေ၊ ကိုယ်ဖတ်မိတဲ့ ဗဟုသုတစာလေးတွေမျှဝေပေးဖို့ ကျတော့ blog မှာ တင်ထားရင် ပြန်ဖတ်ချင်ရင် လွယ်ကူတယ်လို့လည်းထင်မိတယ်။ အဲဒါကြောင့် ဒီနေ့ကစပြီး တတ်နိုင်သလောက် တင်သွားမယ်စိတ်ကူးပါတယ်။ ဝေဖန်တာတွေကိုလည်းမျှော်လင့်နေပါတယ်။

Comments

Popular posts from this blog

ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်များ(၂)

CSR နှင့် အသက်မွေးဝမ်းကြောင်းအတတ်ပညာ

ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်များ(၁)