ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်များ(၂)

ဇွန်လရဲ့ ကျောင်းအပ်ရာသီလေးတစ်ခုမှာ တွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်လေးတစ်ခုပါ။
လှိုင်သာယာရပ်ကွက်လေး တစ်ခုမှာရှိသော ကလေး၁၇ယောက်ကို ကျောင်းအပ်ပေးရန် သွားခဲ့ကြသည်။
ကလေးမိဘများမှာ တနေ့လုပ်မှ တနေ့စားရသော လက်လုပ်လက်စားများဖြစ်ကြသည်။ မိသားစုကများပြီးတနေ့စာတနေ့စာ အလျှင်မှီအောင် ရှာဖွေစားသောက်နေရသော သူများအဖို့ အပိုဝင်ငွေ မရှိသောကြောင့် ကလေးများကိုကျောင်းမထားနိုင်ကြပေ။ ရပ်ကွက်ထဲသို့ဝင်သွားလျှင် ၈ပေ-၁၀ပေပတ်လည် အိမ်ကျဉ်းကျဉ်းလေးများ တန်းစီနေကြသည်။ ထိုတဲအိမ်လေးများတွင်မိသားစုများကျဉ်းကျဉ်းကျပ်ကျပ် နေထိုင်ကြရသည်။ ကလေးတစ်ယောက်အိမ်ကိုရောက်သောအခါ လူမမာအမျိုးသမီးငယ်တစ်ယောက်ကိုတွေ့ရသည်။
လူမမာမှာ ကလေး ၅ယောက်၏ အမေဖြစ်သည်။
ယောင်္ကျာံးဖြစ်သူမှာ သီရိမင်္ဂံလာဈေး အရံမီးသတ်တပ်ဖွဲ့တွင်အလုပ် လုပ်သည်။
သားသမီး ၅ယောက်ရှိသည့်အနက် အကြီးဆုံးမှာအသက်၁၁နှစ်အရွယ်ယောင်္ကျာံးလေး ၊ ဒုတိယ
သမီးမှာ ပထမတန်း၊ တတိယသားမှာ သူငယ်တန်း၊ စတုထ္တနဲ့ ပဉ္စမမှာ အမွှာသားနှစ်ယောက် ဖြစ်သည်။ မိသားစုစားဝတ်နေရေးမပြေလည်သောကြောင့်သားအကြီးဆုံးကိုကျောင်းထုတ်ပြီးလ္ဘက်ရည်ဆိုင်မှာ အလုပ်
လုပ်စေခဲ့သည်။
ဒုတိယနဲ့တတိယသားနှင့်သမီးအား ကျွန်မတို့မှကျောင်းအပ်ပေးခဲ့သည်။
၎င်းနေ့က လူမမာအမျိုးသမီးမှာတအီးအီးနှင့်ညည်းနေပြီး ခေါင်းမူးကာတကိုယ်လုံးကိုက်ခဲနေကြောင်းပြောသည်။ တကိုယ်လုံးလည်း ၀ါထိန်နေပြီး ဖြူဖတ်ဖြူလျော်ဖြစ်နေသည်။ အသက်ရှူမ၀ဘူးဟုလည်းပြောသည်။ တဲအိမ်လေးထဲ ၀င်လိုက်သောအချိန်မှာ ရသောအနံ့အသက်ကလည်း မကောင်းပေ။
လွန်ခဲ့သော၅ရက်က ကလေးပျက်ကျသွားသောကြောင့်နေမကောင်းဖြစ်နေခြင်းဖြစ်သည်ဟုပြောသည်။
ပိုက်ဆံအပိုမရှိသောကြောင့်ဆေးရုံလည်း မသွားနိုင်ဟုပြောသည်။ ဆေးလည်းသောက်ထားသည်။
ကလေးမွေးတိုင်းဖြစ်နေကြဟုပြောသောကြောင့်ကျွန်မတို့လည်းကလေးများကျောင်းအပ်သည့်ကိစ္စပြီးသောအခါပြန်ခဲ့ကြသည်။
နောက်ရက်၂၀ကြာသောအခါကျွန်မတို့သည် ကလေးများအတွက်အကျီင်္ံသွားပို့ကြသည်။
ထိုအချိန်တွင် အရင်တခေါက်ကတွေ့ခဲ့သောအမျိုးသမီးသည် အိပ်ရာပေါ်တွင် ဖျော့တော့စွာလဲလျောင်းနေသည်။
အိမ်ထဲသို့ဝင်သွားသောအခါ အတော်ဆိုးရွားသော အနံ့ဆိုးကိုရလိုက်သည်။ အပုတ်နံ့လိုအနံ့မျိုးဖြစ်လေသည်။
အိပ်ရာထဲမှမထနိုင်သည်မှာ ၁၀ရက်ခန့်ရှိနေပြီဖြစ်ပြီး ကိုယ်တခြမ်းလည်း သေသလိုဖြစ်နေသည်ဟု
ထိုအမျိုးသမီး၏ အမေမှပြောသည်။
ကလေးပျက်ကျသည်မှာအမွှာလေးဖြစ်ကြောင်းလည်းပြောပြသည်။
ကျွန်မတို့လည်းစိတ်ပူကာ ဆေးခန်းကို ဘာကြောင့်အမြန်မသွားကြလဲဟု ဂရုဏာဒေါသောဖြင့်ပြောမိလေသည်။
ဆေးရုံသွားလျှင်ပိုက်ဆံကုန်မည်စိုးသောကြောင့်ပိုက်ဆံလည်းမရှိသောကြောင့် မြန်မာဆေးများသောက်သော်လည်း
မပျောက်ပဲတနေ့တနေ့ပိုပိုဆိုးလာကြောင်းပြောပြသည်။ထိုနေ့ကညမိုးချုပ်နေသည်ကတကြောင်း၊
အခြားတနေရာမှာအရေးကြီးကိစ္စချိန်းဆိုထားခဲ့သောကြောင့် ချက်ချင်းဆေးရုံမပို့ပေးနိုင်ခဲ့ချေ။
ကျွန်မတို့စိတ်ထဲတွင် ဆေးရုံသို့ချက်ချင်းမပြပေးနိုင်သည်ကို စိတ်တထင့်ထင့်ဖြင့်ပြန်လာခဲ့ကြသည်။
ထိုနေ့ညတစ်ညလုံး ကျွန်မအိပ်မပျော်နိုင်တော့ချေ။
နားလည်သောသူများအပြောအရဆိုလျှင်ကလေးပျက်ကျသည်ကို ဆေးရုံတွင်သေသေချာချာ ခြစ်မထုတ်ပဲ
အိမ်တွင် မိမိဘာသာဆေးသောက်၍ ကျအောင်လုပ်ခြင်းကြောင့် အကုန်မစင်ပဲ အကြွင်းအကျန်များက
အပုတ်ဆန်ကာ အပုတ်နံ့အပြင်သို့ထွက်နေခြင်းဟုပြောသည်။
အခန့်မသင့်လျှင် အသက်အန္တရာယ် စိုးရိမ်ရသည်ဟုပြောသည်။
ကျွန်မတို့ ချက်ချင်းဆေးရုံးမပို့နိုင်၍ထိုညတွင်မတော်တဆတခုခုဖြစ်ခဲ့ပါကနောင်တရ၍ဆုံးမည်မထင်ပေ။
ထိုအမျိုးသမီးငယ်၏ ဘေးပတ်ပတ်လည်တွင်မျက်နှာငယ်လေးများဖြင့် အမေကိုထိုင်ကြည့်နေကြသော
ကလေးလေးများ၏မျက်နှာများကိုမြင်ယောင်နေမိသည်။
အကယ်၍များ မတော်တဆသူတို့အမေဆုံးပါးသွားခဲ့လျှင် ထိုကလေးလေးများ၏အနာဂါတ်သည်
မည်သို့မည်ပုံဖြစ်လာမည်ဆိုသည်ပြောမပြတတ်ပေ။
ထို့ကြောင့် နောက်နေ့မနက်စောစောသွား၍ နီးစပ်ရာ အင်းစိန်ဆေးရုံသို့ပို့ပေးခဲ့သည်။
ဆေးရုံပို့မည်ဆိုသောအခါ ကောင်းသွားပါပြီ။မြန်မာဆေးသောက်လိုက်လျှင် ပျောက်သွားမှာပါ။
ခုချိန်မှ ဆေးရုံသွားပြရင်ဆရာဝန်အဆူခံရမည်ကိုစိုးရိမ်နေကြသေးသည်။
ဆေးရုံသွားပြ၍ ကုန်ကျမည့် ကုန်ကျစရိတ်ကိုလည်း စိုးရိမ်ပူပန်နေကြသည်။
စိုးရိမ်သည့်အတိုင်းပင် ဆေးရုံရောက်သောအခါ ဆရာဝန်များ၏ အပြစ်တင်ခြင်းကိုခံရသည်။ " စောစောစီးစီးမပို့တော့အသက်အန္တရာယ်ထိခိုက်သွားလျှင်ဘယ်လိုလုပ်မလဲ။အခုမှလာပို့တော့တခုခုဖြစ်ရင် ဆရာဝန်တွေပြဿနာတက်ဦမယ်။ ခင်ဗျားတို့ဟာလေ ဘာမှကိုနားမလည်ဘူး။ " ဟု ဆူပါလေတော့သည်။ ထို့နောက် သွေးသွင်းရမှာ၊ ဆေးဝယ်ရမှာ၊ အာထရာဆောင်းရိုက်ရမှာ ပိုက်ဆံအကုန်အကျခံနိုင်လားဟု
မေးသည်။
တကယ်ကတော့လူနာပုံစံကြည့်လျှင်ဘယ်လိုမှမတတ်နိုင်ဘူးဆိုတာသိနိုင်သည်။
ကျွန်မတို့က၀င်ပြီးကုန်ကျစရိတ်ကုန်ကျတာပြောပါ ကျွန်မတို့ရှင်းပေးပါ့မည်ဟုပြောမှ အဆူရပ်တော့သည်။
လူနာလည်း ဆရာဝန်ဆူတာနှင့် ပိုပြီးဖြူဖတ်ဖြူလျော်ဖြစ်လာသည်ဟုပင်ထင်ရတော့သည်။
မျက်နှာငယ်လေးနှင့် ဆရာဝန်မေးတာတွေဖြေလိုက်၊ ကျွန်မတို့မျက်နှာလှမ်းကြည့်လိုက်နှင့်
သနားစဖွယ်။ဆရာဝန်က မေးနေသည်များကိုအတိအကျ မဖြေနိုင်၍ဆရာဝန်ကထပ်ဆူပြန်တော့သည်။
အဆူခံရလောက်အောင်ပင်သူတို့သည်လည်း မိမိအပါအ၀င် မိမိ မိသားစုနှင့်ပတ်သတ်သည့်
နေ့၊ရက်၊လ၊သက္ကရာဇ်များကို မှတ်ထားရမည်ဆိုသည့် အသိမရှိကြချေ။
ထို့နောက် ဆရာဝန်၎ယောက်က ၀ိုင်းဝန်းစမ်းသပ်လိုက်ကြကာ တစ်ယောက်က ဆေးသွားဝယ်ခိုင်း၊
တစ်ယောက်ကသွေးဖောက်ပေးပြီး သွေးသွားစစ်ခိုင်း၊ ဆေးထိုးအပ်ဝယ်ခိုင်းနှင့် ကျွန်မတို့လည်း ဗျာများသွားကြတော့သည်။
တခဏလေးအတွင်းမှာ တွန်းလှည်းခ၊ ဆေးဖိုး၊ သွေးစစ်ခ၊ ဟိုရှင်းဒီရှင်း နှင့် ကျပ် ၅၀၀၀၀ကုန်သွားသည်။
သွေးသွင်းရမည့် သွေးကိုဆေးရုံက လောလောဆယ်ထုတ်ပေးထားမည်။ သွေးလှုနိုင်တဲ့သူပြန်ခေါ်လာပြီး
သွေးအစားထိုးပြန်လှုပေးရမည်။
လှုမည့်သူမရှိလျှင် သွေးဖိုးပိုက်ဆံချေရမည်ဟုပြောသောကြောင့် ကျွန်မတို့
အနေနှင့် အထူးအဆန်းဖြစ်နေခဲ့သည်။ တတ်နိုင်သည့်သူက သွေးဖို့ငွေပြန်ချေခဲ့နိုင်သည်မှာ ပြဿနာ
မဟုတ်ပေမဲ့ ပိုက်ဆံမရှိသော ဆင်းရဲသားများအဖို့ ဘယ်လိုလုပ်ရှင်းနိုင်ပါ့မလဲလို့ စဉ်းစားနေမိခဲ့သည်။
သွေးအလှုခံထားသည့် သွေးတွေသည် အရေးပေါ်လိုလာသည့်အခါ မတတ်နိုင်သောသူများ အတွက်အသုံးပြုခွင့်
မရနိုင်ဘူးလားဟုတွေးမိသည်။
ထိုအတွေးနှင့်အတူ ပိုက်ဆံမတတ်နိုင်သောသူများအဖို့ ရောဂါဖြစ်လာလျှင် ဆေးရုံသွားရမည်ကို
ဘာကြောင့်ကြောက်ကြပါလိမ့်ဟူသောအတွေး၏ အဖြေကိုရှာဖွေတွေ့ရှိသွားလေသည်။ ထိုအကြောက်တရားနောက်ကွယ်မှာ ထိုရောဂါနှင့် သေမည်ဆိုလျှင်လည်း ဘာမှမတတ်နိုင်သေဖို့ပဲရှိသည်
ဆိုသည့် အတွေးတွေရှိနေလိမ့်မည်မှာ အသေအချာပင်။
ထို့ထက်ပိုဆိုးသည်မှာ အမှန်တကယ်က ကိုယ်ဝန်ပျက်ကျခဲ့ခြင်းမဟုတ်ပေ။ ကိုယ်ဝန်ဖျက်ချခဲ့ခြင်းဖြစ်သည်။
ကလေး ၅ယောက်ရှိနေသည့်အပြင် နောက်ထပ်
ကိုယ်ဝန်ရလာသည်။ စားဝတ်နေရေး မပြေလည်သောကြောင့် ကလေးကို ဖျက်ချသည်။
မှန်ကန်သောနည်းလမ်းဖြင့်ဖျက်ချခြင်းမဟုတ်ပဲအရပ်နည်းဖြင့်ဖျက်ချခဲ့သည်။
ဖျက်ချခဲ့သောကိုယ်ဝန်သည်အမွှာဖြစ်သည်။
အန္တရာယ်ကိုစိုးရိမ်ရကောင်းမှန်းမသိ။
ကလေးဖျက်ချရာတွင်မည်မျှအန္တရာယ်ကြီးကြောင်းကိုလည်းမစဉ်းစားနိုင်ကြပေ။
ကျွန်မတို့ ပြောမှာစိုးရိမ်၍ ကိုယ်ဝန်ပျက်ကျခဲ့သည်ဟု ညာပြောခဲ့ခြင်းဖြစ်သည်။
စားဝတ်နေရေးမပြေလည်မှုကြောင့် ကျောင်းမနေနိုင်။
ကျောင်းမနေနိုင်၍ စာမတတ်။
စာမတတ်၍ ဗဟုသုဖြစ်စေမည့် စာပေများကိုလည်းမဖတ်နိုင်။
ထို့ကြောင့်သားဆက်ခြားခြင်းဆိုသည်ဗဟုသုတလည်းမရှိနိုင်။
စားဝတ်နေရေးအတွက်လုံးပမ်းနေရသောကြောင့် ဗဟုသုတရှာမှီးရန်လည်း စိတ်မ၀င်စားကြတော့ပေ။
တဖြေးဖြေးနှင့်လက်လုပ်လက်စားများ၏ဘ၀နေထိုင်မှုအဆင့်အတန်းများမှာတနေ့တခြားနိမ့်ပါလာသည်ကိုမြင်နိုင်ပေသည်။
နိုင်ငံတစ်နိုင်ငံ၏လူနေမှု့အဆင့်အတန်းမြင့်မားရန်အတွက်မှာအခြေခံစားဝတ်နေရေးမှစ၍မစဉ်းစား၍မရချေ။ လူတန်းစားတစ်ခုတည်း၏ လူနေမှု့အဆင့်အတန်းမြင့်နေရုံဖြင့် နိုင်ငံမတိုးတက်နိုင်ချေ။ လူတန်းစားကွာဟမှုနည်းလာမှသာနိုင်ငံတိုးတက်လာနိုင်သလို လူတန်းစားအားလုံး၏လူနေမှု့မြင့်မားမှသာလျှင် တိုင်းပြည်သာယာအေးချမ်းနိုင်မည်မှာ မလွှဲမသွေဖြစ်ပေသည်။

Comments

Popular posts from this blog

CSR နှင့် အသက်မွေးဝမ်းကြောင်းအတတ်ပညာ

ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်များ(၁)