CSR နှင့် အသက်မွေးဝမ်းကြောင်းအတတ်ပညာ

ဒီ​နေ့ ဖိုရမ်​တခုမှာ နာမည်​ကြီးဘဏ်​လုပ်​ငန်းနဲ့ တခြားလုပ်​ငန်းကြီးများစွာပိုင်​ဆိုင်​တဲ့ ပိုင်​ရှင်​ကြီးက keynote speakerအဖြစ်​ သူ့လုပ်​ငန်း​တွေဘယ်​လိုလုပ်​ခဲ့​ကြောင်း၊ ဘယ်​​လောက်​ကြီးကျယ်​​ကြောင်း၊ CSRကို ဘယ်​လိုလုပ်​ကိုင်​​နေ​ကြောင်း English languageနဲ့ ​ပြောပြတယ်​။ အားကျစရာ​ကောင်းတာ​တွေချည်းပဲ​ပေါ့။
သူ​CSRအ​နေနဲ့ လုပ်​ခဲ့တာတခု​ပြောပြတယ်​။ ​ဒေသတခုမှာသူ ဟိုတယ်​တခုတည်​​ဆောက်​​တော့ အဲဒီ​ဒေသက​ဆောက်​လုပ်​​ရေးအလုပ်​သမား​တွေကို​ခေါ်​ဆောက်​တယ်​တဲ့။ သူ့ဟိုတယ်​ကြီးလည်းပြီး​ရော ​ဆောက်​လုပ်​​ရေးလုပ်​သား​တွေကို ဟိုတယ်​လုပ်​ငန်းနဲ့ဆိုင်​တဲ့ သင်​တန်း​တွေ​ပေးလိုက်​တဲ့အခါ အုတ်​သယ်​တဲ့အမျိုးသမီးငယ်​​တွေက အိပ်​ခန်း​ဆောင်​ထိန်းသိမ်း​ရေးဝန်​ထမ်း၊ ပန်းရံလုပ်​တဲ့အမျိုးသား​တွေက doorman စတဲ့ဝန်​ထမ်း​တွေ ဖြစ်​လာပြီး သူ့ဟိုတယ်​မှာ အလုပ်​လုပ်​ကြတယ်​တဲ့။ အရမ်း​ကောင်းတဲ့ ​လုပ်​​ဆောင်​မှုပါ။
အဲ့ဒါကိုသူကဘယ်​လိုရှင်းပြခဲ့လဲဆို​တော့ construction worker(non skill worker)တဲ့။
Non skill worker က​နေ skill worker ဖြစ်​လာကြတယ်​တဲ့။
ဘယ်​အလုပ်​မှာမဆို skillလိုအပ်​တယ်​ထင်​တယ်​။ construction worker​တွေမှာလည်းလိုအပ်​တယ်​။ skillမရှိလို့ ထင်​သလိုလုပ်​ရင်​ အဲဒီ​ဆောက်​​နေတဲ့အ​ဆောက်​အဦးက အရည်​အ​သွေးညံဖျင်းတာပဲရမယ်​။ 
အလုပ်​ဟူသမျှဂုဏ်​ရှိစွ။
ဘယ်​အလုပ်​မဆို သူ့တန်​ဖိုးနဲ့သူပါ။
နိုင်​ငံခြားမှာ construction workerဆိုရင်​ လခ​တောင်​ပိုရ​သေးတယ်​။
တခုခြားနားတာက​တော့ သူများနိုင်​ငံမှာက အဲ့ဒီလိုအလုပ်​လုပ်​ဖို့ ​လေ့ကျင့်​​ပေးတယ်​။ ​ဆောက်​လုပ်​​ရေးလုပ်​ငန်း​ဆောင်​တာ​တွေကိုနားလည်​ကျွမ်းကျင်​ရမယ်​။ အန္တရာယ်​ကင်းလုံခြုံ​စေတဲ့ အရံအတား​တွေ၊ အဝတ်​အစား​တွေပြည့်​စုံ​အောင်​လုပ်​​ပေးတယ်​။ အာခံထား​ပေးတယ်​။ professional skillဆိုတာ ဘယ်​အလုပ်​မှာမဆိုလိုအပ်​တယ်​။ ကျမတို့နိုင်​ငံမှာ​ပြော​ပြော​နေတဲ့ အိမ်​​ဖော်​လုပ်​ငန်းဆိုလည်း အိမ်​မှုကိစ္စကျွမ်းကျင်​နိုင်​နင်းမှဖြစ်​တာ။
ကျမတို့နိုင်​ငံမှာ​တော့ ကျွမ်းကျင်​မှုသင်​တန်းဆိုတာ​တွေ ခပ်​ရှားရှားဆို​တော့ အလုပ်​သာလုပ်​ချင်​ကြတယ်​ ကျွမ်းကျင်​မှုမရှိကြဘူး။ အလုပ်​လုပ်​ရင်းကျွမ်းကျင်​​အောင်​ပဲလုပ်​ကြရတယ်​။ ကြိုးစားချင်​စိတ်​နဲ့ ဝီရိယရှိရင်​ တတ်​ကျွမ်းလာကြမှာပါ။
ကျမသာဆိုရင်​ ဟိုတယ်​လုပ်​ငန်းအတွက်​ ​​လေ့ကျင့်​​ပေးမဲ့အစား ​ဆောက်​လုပ်​​ရေးလုပ်​ငန်းမှာ ပိုမိုကျွမ်းကျင်​တဲ့သူ​တွေ ဖြစ်​လာ​အောင်​​လေ့ကျင့်​ပျိုး​ထောင်​​ပေးပြီး ​ဆောက်​လုပ်​​ရေးလုပ်​ငန်းကျကျကျနနထူ​ထောင်​​ပေးလိုက်​ချင်​တယ်​။
အုတ်​သယ်​တာလည်း ​လွယ်​တယ်​မထင်​ပါနဲ့။ သူလည်း တစ်​​ယောက်​နဲ့တစ်​​ယောက်​လက်​ဆင့်​ကမ်းသယ်​တာတို့မှာ ကျွမ်းကျင်​မှုလိုတာပါပဲ။
အဓိကက​တော့ ကာယကံရှင်​​တွေကိုယ်​တိုင်​ ကိုယ်​လုပ်​ရမဲ့အလုပ်​ကို ​လေးစားဖို့၊ ကျွမ်းကျင်​ဖို့လိုပါတယ်​။ အဲဒီအလုပ်​မှာ ​ပျော်​​နေဖို့လည်းလိုပါတယ်​။
ဒါ​ပေမဲ့ ကုမ္ပဏီပိုင်​ရှင်​လည်း ဝမ်းတထွာ၊ အလုပ်​သမားလည်း ဝမ်းတထွာမို့ ပိုင်​ရှင်​​လောက်​ဝင်​​ငွေရရမယ်​လို့မဆိုလိုချင်​​ပေမဲ့ ဝမ်းတထွာဝဖို့​တော့လိုပါတယ်​။ သူ့အရည်​အချင်းအလိုက်​လခကွာတယ်​ဆို​ပေမဲ့ အနည်းဆုံး​တော့ ကိုယ်​လုပ်​​နေရတဲ့အလုပ်​နဲ့ အပိုအလျှံအများကြီးမရ​စေဦး​တော့ စားဝတ်​​နေ​ရေးဖူလုံမယ်​ဆိုရင်​ အဲဒီအလုပ်​ကသူတို့ဘဝဖြစ်​လာပြီး ​ကျေနပ်​စွာလုပ်​ကြမှာပါ။
တခါက လှိုင်​သာယာက ပရဟိတလုပ်​​နေသူ​မောင်​​လေး​တွေကို ​ပြောဖူးတယ်​။ လူငယ်​​တွေစု လက်​သမားသင်​တန်း၊ ပန်းရံသင်​တန်း၊ ​ရေပိုက်​ဆက်​သင်​တန်း၊ မီးကြိုးသွယ်​သင်​တန်း၊ မိလ္လာကန်​တူး​ဖော်​ခြင်းသင်​တန်း​တွေ​ကို ​သေချာစနစ်​တကျ သပ်​သပ်​ရပ်​ရပ်​ လုပ်​နိုင်​သည်​ထိ တတ်​ကျွမ်းသူ​တွေကို​ခေါ်၊ သင်​တန်း​ပေး၊ လူငယ်​အဖွဲ့ဖွဲ့စည်းပြီး ပထမဦးဆုံးအလုပ်​သင်​အ​နေနဲ့ နီးစပ်​ရာ ပတ်​ဝန်းကျင်​မှာ လက်​ခနည်းနည်းနဲ့ ​လေ့ကျင့်​ရင်း​ဆောက်​လုပ်​​ပေးမယ်​။ တဖြည်းဖြည်းနဲ့ အလုပ်​​သေသပ်​မှု​ကြောင့်​ နာမည်​ရလာရင်​ ​ဆောက်​လုပ်​​ရေးလုပ်​ငန်းခွင်​​တွေမှာ အငှါးလိုက်​မယ်​။ အဲဒီကမှတဆင့်​ ကိုယ်​ပိုင်​ကုမ္ပဏီအ​သေး​လေး​လုပ်​ရာက​နေ ​ဆောက်​လုပ်​​ရေးကုမ္ပဏီအကြီးကြီးထိဖြစ်​လာနိုင်​မယ်​။
လက်​ရှိမြန်​မာနိုင်​ငံမှာ ဖြစ်​သလို​ဆောက်​တဲ့သူ​တချို့​ကြောင့်​ ကြာရှည်​မခံနိုင်​မဲ့ အ​ဆောက်​အဦး​တွေအများကြီး​တွေ့လာရတယ်​။ အရည်​အ​သွေးမှီတဲ့ ​ဆောက်​လုပ်​​ရေးဝန်​ထမ်း​တွေနဲ့ အရည်​အ​သွေးမှီအ​ဆောက်​အဦး​တွေအများကြီးလိုအပ်​​နေတာပါ။

Phyu Ei Thein
(28.2.2017)

Comments
ဘယ်​သူမှဂရုမစိုက်​ လုပ်​ချင်​တာလုပ်​ပြီးမှ အခွန်​​ရှောင်​နိုင်​ဖို့ CSRလုပ်​တာကို​တော့ အားမ​ပေးချင်​ဘူး။ တကယ်​က မျှတတဲ့ပုံစံနဲ့အများမထိခိုက်​မဲ့နည်းလမ်း​တွေသုံးခဲ့ရင်​ CSRသီးသန့်​မလိုပါဘူး။

မျှတတဲ့ပုံစံ၊ အများမထိခိုက်တဲ့နည်းလမ်းတဲ့ ကောင်းလိုက်တဲ့အသုံးအနှုန်း ဆရာမရယ်။ အဲ့ဒါကိုက ကိုယ့်အမြတ်ကြီးပဲ ကြည့်မနေဘဲ အကျိုးကိုမျှဝေဖို့လေ။ အဲ့ဒါကိုက CSR ပဲလေ။ ခက်တာက ဒီမှက လုပ်ပြမှ အရုပ်ထင်မှ CSR ရယ်လို့ သတ်မှတ်သလိုဖြစ်နေတာကိုး။

မြန်မာနိုင်ငံမှာ စီပွားရေးနိုင်ငံရေးလူမှုရေး လောကမှာအောင်မြင်နေတဲ့သူတိုင်းက သူပြောသမျှ လုပ်သမျှ မှန်တယ်လို့ထင်နေကြတယ် တိုးတက်မှုနဲ့ဆုတ်ယုတ်မှု  နှိုင်းယှဉ်ချက် ကို   နိုင်ငံတကာနဲ့ ယှဉ်ပြီး ရှင်းပြတာသိပ်မတွေ့ရဘူး။

Comments

Popular posts from this blog

ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်များ(၂)

ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်များ(၁)